ဝက်ခြံသက်သာစေမယ့် အလွယ်ကူဆုံး သဘာဝကုထုံး ၅ မျိုး
ဝက်ခြံသက်သာစေမယ့် အလွယ်ကူဆုံး သဘာဝကုထုံး ၅ မျိုး ဝက်ခြံသက်သာစေမယ့် အလွယ်ကူဆုံး သဘာဝကုထုံး ၅ မျိုး ဝက်ခြံတွြေဖစ်နေတယ်။နေ့တိုင်း ဝက်ခြံကြောင့် စိတ်အနှောင့်အယြှက်ဖစ်ရလို့ ဝက်ခြံတွေပျောက်ချင်နေတယ်။ ဒါပေမယ့်ဆေးဝါးတွေ မသုံးချင်ဘူး။ သဘာဝနည်းလေးနဲ့ပဲသက်သာအောင်လုပ်ချင်တယ်ဆိုတဲ့သူတွေအတွက် ဝက်ခြံသက်သာစေမယ့် သဘာဝကုထုံးလေးတွေကို မျှဝေပါရစေ။ ဝက်ခြံသက်သာစေမယ့် အလွယ်ကူဆုံးသဘာဝနည်းလမ်း ၅ သွယ် (၁) လက်ဖက်ဆီ ဝက်ခြံဖြစ်တဲ့နေရာမှာလက်ဖက်ဆီလေးလူးပေးတာက ဝက်ခြံကြောင့်ဖြစ်တဲ့ နီမြန်းရောင်ရမ်းမှုတွေကို သိသိသာသာသက်သာစေနိုင်ပါတယ်။ လက်ဖက်ဆီက ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို အထိရောက်ဆုံးတိုက်ဖျက်ပေးနိုင်ပါတယ်။ သိပ်မပြင်းထန်တဲ့ ဝက်ခြံတွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ မျက်နှာကို သန့်စင်ပြီး ဝက်ခြံရှိတဲ့နေရာလေးတွေမှာ လက်ဖက်ဆီ ခပ်ပါးပါးလူးလို့ အိပ်ရာဝင်လိုက်ရုံပါ။ (၂) ပျားရည် ပျားရည်က ဝက်ခြံအပါအဝင်အရေပြားပြဿနာတွေအတွက် လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကတည်းက အသုံးပြုခဲ့တဲ့ သဘာဝဆေးနည်းပါ။ ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေပါဝင်နေတာကြောင့်ချွေးပေါက်တွေထဲက အဆီတွေနဲ့ အညစ်အကြေးတွေကို သန့်စင်ပေးပါတယ်။ မျက်နှာကိုသန့်စင်အောင်သစ